သထုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစစ်ဆေး အသိပညာပေးခြင်းများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ်လ ၂၃ ရက် မွန်းလွဲပိုင်းက  ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်သို့ပြန်လာကြသူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူတို့က ပူးပေါင်းပြုလုပ်ခဲ့ကြ
လွိုင်ကော်မြို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်စစ်ဆေး ကာကွယ် ထိန်းချုပ်ရေး ကြိုတင်ဆောင်ရွက်လျက်ရှိ
COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန်လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ကြေညာထားသောကြောင့် အဆိုပါ ရောဂါ ကူးစက်ခြင်းမရှိစေ ရန်ရည်ရွယ်၍ COVID-19 ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ  ပြည်နယ် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ချပြရှင်းလင်းခဲ့
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ ကျေးလက်ကုန်ထုတ်မြေသား- ဂဝံလမ်း ဖောက်လုပ်မှု (၈၀)ရာခိုင်နှုန်ခန့်ပြီးစီး
မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနသည် ကျေးလက်ဒေသရှိ ဥယျာဉ်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဈေးနှုန်းသက်သာလွယ်ကူ လျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ်( ၂၃၁ ဒသမ ၇၄ )သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ် ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ အားလုံး (၈၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရ
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ပေးအပ်ထောက်ပံ့
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စဉ်ဆက်မပြတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ မတ်လ(၂၃)ရက် နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၌ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဘူးများနှင့် အဖျားတိုင်း သာမိုမီတာများ  ထပ်မံပေးအပ် ထောက်ပံ့သည်။
ခမောက်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID19)ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID19)ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ခမောက်ကြီးမြို့ ၊(၃၈)မိုင်ယုဇနဆီအုန်းကုမ္ပဏီ၊ (၄၂)မိုင်နှင့်(၄၅)မိုင်ရှိ ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ဦးစီးသောအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့
မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးချက်များနှင့် ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက်
ကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား မကွေးမြို့ ကျန်းမာရေးဦးစီးဌာနရုံးတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးချက်များနှင့် ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည်ကို ယနေ့ နံနက်စောပိုင်းက တေွ့ရသည်။
သဘာဝတောထိန်းခြင်းမှရရှိသော ထင်းများကို ကျေးရွာများသို့ လှူဒါန်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက သဘာဝတောထိန်းသိမ်းခြင်းမှ ရရှိသော ထင်းများကို ကျေးရွာများသို့ ဖြန့်ဝေလှူဒါန်းပွဲကို မတ်လ၂၃ ရက် မွန်းလွဲပိုင်းက ပခုက္ကူမြို့၊ တန့်ကြည့်တောင်တွင် ကျင်းပသည်။