ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကြိုတင်ကာကွယ်မှုအဖြစ် ကန်ဒိုသင်တန်းများအားလုံးပိတ်ထား  

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်ကာကွယ်မှုအဖြစ် ကန်ဒိုသင်တန်းများအားလုံးပိတ်ထားရ ကြောင်း မတ် ၁၈ ရက် နံနက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းရှိ ကန်ဒိုအားကစားခန်းမ၌ ပြုလုပ်သည့် ဂျပန်နိုင်ငံ ကန်ဒိုအဖွဲ့ချုပ်က မြန်မာနိုင်ငံကန်ဒိုအဖွဲ့သို့ အားကစား ဝတ်စုံလှူဒါန်းပွဲတွင် မြန်မာ နိုင်ငံကန်ဒို အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဦးထွန်း‌ဇော်က
ဧပြီလတွင် ပျားရည်သန့်စင်စက်ရုံကို  စတင်စမ်းသပ်လည်ပတ်မည်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့စက်မှုဇုန်တွင် ပျားမွေးမြူရေးလုပ်ငန်းများအတွက် အထောက် အပံ့ပေးနိုင်မည့် ပျားရည်သန့်စင်စက်ရုံကိုလာမည့် ဧပြီလတွင် စတင်စမ်းသပ်လည်ပတ်မည်ဖြစ်ကြောင်း ပျားရည်သန့်စင်စက်ရုံ မန်နေဂျာ ဦးမျိုးလွင် က ပြောကြား
ဟိုပုံးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရောင်းချ လျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့တွင် ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးသည့် တောင်သူများ ဈေးကောင်းရန်မျှော်လင့်နေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်သီးနှံဆွတ်ခူး ရောင်းချချိန်တွင် ဈေးကွက်ကောင်းမွန်ရန်နှင့် ဈေးနှုန်းကောင်းမွန်စေရေး မျှော်လင့်လျက်ရှိကြောင်း သိရ
ငဖဲမြို့နယ်၌ လယ်ယာဧက ၆၀ဝ ခန့်အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စု ပေါက်ရင်းကုန်း ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ ရာသီမရွေး အချိန်မီတင်ပို့ ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်း ဆောက်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရ
မိုးရာသီတွင် ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် Abate ဆေးခတ်ခြင်းဖြင့် ကြိုတင်ကာကွယ်
မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့် ခြင်အန္တရာယ် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေသို‌ေလှာင်နေရာများတွင် Abate ဆေးများ ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊စစ်ဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။