ထိုင်းနိုင်ငံက လက်မခံ၍ တာချီလိတ်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးနိုင်ရန် ဆောင်ရွက်မည်

မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်ထွက်၍မရသည့် EP (Entry Permit) ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို ကျန်းမာရေးဦးစီးဌာနက လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးကာကွယ်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာအနှံ့ ကူးစက်ပျံ့ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မြဝတီမြို့ နယ်စပ်ဂိတ်များ၌ ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော်ခန်းမ ဝင်ပေါက်နေရာများတွင် COVID-19 ကာကွယ်ရန် လက်ဆေးဘေစင် (၂၈)ခုထားရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်ခန်းမ ဝင်ပေါက်နေရာများတွင် ပြည်သူလူထု အသုံးပြုနိုင်ရန်အတွက်
ဟားခါး၌ သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက် ၉ နာရီခွဲက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးအရောင်းဆိုင်များ၌ သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံ 
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မတ် ၁၇ ရက် မွန်းလွဲပိုင်းက ထီးခီးကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
စာမေးပွဲကာလ ယာဉ်အန္တရာယ်ကင်းဝေစေရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ စာစစ်ဌာန ၁၅ ခုတို့တွင် အသီးသီး ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် လူစည်ကားရာ ဈေးကြီးဝန်းကျင်နှင့် စာစစ်ဌာနနှင့် နီးရာလမ်းဆုံ လမ်းခွများတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ အများပြည်သူသွားလာမှု အဟန့်အတားမဖြစ်စေရေး သီးခြားလမ်းများ စီစဉ်ပေးခြင်း၊ မြို့နှင့် အလှမ်းကွာဝေးသော စာစစ်ဌာနများရှိရာ လမ်းများတွင် ယာဉ်အန္တရာယ် မဖြစ်စေရေးတို့ကို အဖွဲ့များခွဲ နေရာချထား၍ အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ 
မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ် စီးနင်းသူများပြားသော်လည်း အာမခံထားရှိမှု နည်းပါးနေ
မန္တလေးမြို့သည် မော်တော်ဆိုင်ကယ်မြို့တော် ဖြစ်သည်နှင့်အညီ ဆိုင်ကယ်အမျိုးအစားအလိုက် စီးနင်းသူများပြားလျက် ရှိသော်လည်း မိမိတို့၏ အသက်နှင့် ပစ္စည်းပျောက်ဆုံး ပျက်စီးမှုများအတွက် လျော်ကြေးငွေများ ပြန်လည်ရရှိစေမည့် ဆိုင်ကယ်အာမခံထားရှိမှုမှာ နည်းပါးနေသေးကြောင်း ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ Global World Insurance Co., Ltd မှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။