သုံးခွမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ(၂၃၄၉)ဦး ဝင်ရောက်ဖြေဆိုမည်
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည့် ဖြစ်ရာ ဖြေဆိုရန် လျှောက်ထားသူကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။





