မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓါတ်အားလိုင်းနဲ့ (၁၀)မိုင်အထက်ဝေးကွာပြီး နောင်(၁၀)နှစ် (သို့) (၁၅)နှစ်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးမရနိုင်သော ကျေးရွာများအနက် ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၃၈၉ အိမ်တွင် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP) ဖြင့် တစ်အိမ်သုံးဆိုလာစနစ်အသုံးပြုကာ အကြို လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။