အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမားနှစ်ဦး၏ မိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၁)ဘိလပ်မြေစက်ရုံ တန်(၉၀ဝ)မြိုင်ကလေးမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား(၂)ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကို ကျန်ရစ်သူမိသားစုများထံ ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ စက်ရုံဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကသာမြို့ရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသည့် အစားအသောက်/ဆေးဝါး/ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကသာမြို့မဈေးရှိ ကုန်စုံဆိုင်များအား ယမန်နေ့နံနက်ပိုင်းက အဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးခဲ့ရာ ကုန်စုံဆိုင်များတွင် တားမြစ်ထားသည့် အစားအသောက်/ဆေးဝါး/ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းပိုက ပြောပြ၍ သိရသည်။
ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များအား ဥပဒေနှင့်အညီ ဖြုတ်သိမ်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့တော်သာယာလှပစေရန် ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များအား မြို့နယ်စည်ပင်မှ ယမန်နေ့ မနက်(၉)နာရီ အချိန်တွင် ဥပဒေနှင့်အညီ ဖြုတ်သိမ်းဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့တွင် ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ကျောက်ဆည်   ၂၁   ဖေဖော်ဝါရီ

ပဲခူးမြို့မှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပဲခူးမြို့အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ဖောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့တွင်  ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ ကလေးအထူးတရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ဓမ္မဒူတမိသားစု အကျိုးတော်ဆောင်အဖွဲ့များ ကြီးမှူး၍ မြို့ခံအလှူရှင်စေတနာရှင်များပူးပေါင်း ကျင်းပသည့် သာသနဓဇသဒ္ဓမ္မနေပုည(ဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မဟာဂန္တဝါစကပဏ္ဍိတ)မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ထေရဝါဒတက္ကသိုလ် တွဲဖက်ပါမောက္ခ ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ၏ ကလေးအထူး တရားပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ ဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ်၊ လင်းတဲကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ အကြားဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ   ၃ နာရီက ငဖဲမြို့နယ်၊တောင်ပေါ်ဒေသ လင်းတဲကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပသည်။