ခြင်ဆေးခွေမီးကြောင့် လူနေအိမ်နှစ်လုံးနှင့် နွားတင်းကုတ်တစ်လုံး မီးလောင်ဆုံးရှုံး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ယနေ့နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က နွားတင်းကုတ်အတွင်း ခြင်ဆေးခွေထွန်းပြီး ခြင်မီးထည့်ရာမှ အကာထရံမီးစွဲကာ လူနေအိမ်နှစ်လုံးနှင့် နွားတင်းကုတ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။







