ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ပဲခူးမြစ်ကူး တံတားအမှတ်(၃) တည်ဆောက်ရေးစီမံကိန်းနှင့် သန်လျင်-သီလဝါလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စစ်ဆေး

အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "စတုတ္ထအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲ"ကျင်းပ
မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စတုတ္ထအကြိမ် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ငွေချေးသက်သေခံလက်မှတ်   လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပုဂံညောင်ဦးဒေသ သန့်ရှင်းသာယာလှပရေးအတွက် Bagan Plastic Campaign အဖွဲ့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ ပလပ်စတစ်အမှိုက်များစွန့်ပစ်ရာ၌ စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ကာ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Bagan Plastic Campaign အဖွဲ့ တို့ ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း စဉ်ဆက်မပြတ် စုပေါင်းအမှိုက်ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်(စနေနေ့)၊ ယနေ့ နံနက်ပိုင်းက ပုဂံမြို့သစ်မှ ရွှေဆံတော်ဘုရားသွားရာ လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက် ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
သူနာပြုတက္ကသိုလ်(မန္တလေး) တွင် (၁၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ် (မန္တလေး) ၏ (၁၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းခန်းမတွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီ တွင် ကျင်းပပြုလုပ်သည်။
ဒေသအထင်ကရ ပါလျှန်တံခါး ရေရှည်တည်တံ့ရေးလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ အထင်ကရ ကျိုင်းတုံမြို့ရှိ ပါလျှန်မြို့ရိုးတံခါး တည်တံ့ခိုင်မြဲရေးနှင့် တံခါးပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ  ငွေကြေးဖြင့်၊ လုပ်အားဖြင့် ပါဝင်ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယနေ့နံနက် ၇ နာရီက လွိုင်မွေလမ်းဆုံရှိ အဆိုပါတံခါးအနီးတွင် ပြုလုပ်သည်။