ရေတာရှည်-ကရင်ချောင်း-လိပ်သို စစ်တောင်းမြစ်ကူးတံတား အမြန်ဆုံးပြီးစီးရေးကြိုးပမ်းဆောင်ရွက်နေ

ကရင်ပြည်နယ်၊ တောင်ပေါ်ဒေသများနှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တို့ကိုအဓိကဆက် သွယ်ထားသည့် ရေတာရှည်-ကရင်ချောင်း-လိပ်သိုကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှတာဝန်ယူ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်တည် ဆောက်လျက်ရာ တံတားအောက်ပိုင်းလုပ်ငန်းများပြီးစီးသွားခဲ့ပြီးယခုအခါ အပေါ်ပိုင်းယက်မကြီးများ တင်ခြင်းနှင့်ကြမ်းခင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
ဆံတော်ရှင်မြသပိတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲနှင့် နှီးဘုရားရုပ်ပွားတော်မြတ်ကြီး ပူဇော်ပွဲ ဆွမ်းကြီးလောင်းပွဲတော် သထုံတွင် စည်ကားစွာကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့ မြသပိတ်တောင်ထိပ်ရှိ ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ခြေရှိ မြန်မာနိုင်ငံ၌အကြီးဆုံးဖြစ်သော နှီးဘုရားကြီး ဗုဒ္ဓပူဇော်ပွဲအထိမ်းအမှတ် ဆွမ်းကြီးလောင်းပွဲကို ဖေဖော်ဝါရီလ ၈ ရက်(တပို့တွဲလပြည့်)နေ့၊ နံနက်က စည်ကားစွာ ကျင်းပခဲ့သည်။
တပို့တွဲလပြည့်နေ့ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်ကျင်းပ
ရှင်မတောင်သနပ်ခါး ထွက်ရှိရာ ဒေသဖြစ်သည့်ရေစကြိုမြို့နယ်တွင်  တပို့တွဲလပြည့်နေ့ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်ကို ရေစကြိုမြို့နယ်  ရွာထောင်ကျေးရွာတွင် ဖေဖော်ဝါရီ  ၈ ရက်နေ့က ကျင်းပကြောင်း သိရသည်။
ဟိုတယ်လုပ်ငန်းရှင်အသင်း (မန္တလေး)က တည်ဆောက်လှူဒါန်းသည့် မန္တလေးကျုံး အနောက်ခြမ်း အများသုံး သန့်စင်ခန်း ဖွင့်လှစ်
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေး)၏ လှူဒါန်းမှုဖြင့် မန္တလေးမြို့ ကျုံးအနောက်ဖက်ခြမ်း လမ်း(၈၀)တွင် ............
အမာမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ(၃၆)ကြိမ်မြောက် ဖွင့်ပွဲကျင်းပ
နှစ်စဉ်မပျက် ကျင်းပလာခဲ့သော အမာမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ (၃၆)ကြိမ်မြောက် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၇) နာရီအချိန်က အမာမြို့လယ် ပဌာန်းမဏ္ဍပ်၌ ကျင်းပခဲ့သည်။
မြသပိတ်စေတီတော်မြတ်ကြီး (၆၂)ကြိမ်‌‌မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ရိုးရာထမနဲထိုး ပြိုင်ပွဲကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို .............
အိမ်မဲမြို့၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အကြိုဟောပြောပွဲနှင့် ...........