မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။