ပွင့်ဖြူမြို့၌ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး (Penta-4)စတင် တိုက်ကျွေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး စတင်ထည့်ကျွေးတိုက်နှံခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပ
ရေနံချောင်းမြို့တွင် စေတနာရှင်အလှူရှင်များက နှာခေါင်းစည်းများ တပ်ဆင်လှူဒါန်းပေး
ရေနံချောင်းမြို့တွင် Novel Corona Virus 2019 ရောဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် စေတနာရှင် အလှူရှင်များက နှာခေါင်းစည်း(Mask)များ တပ်ဆင်လှူဒါန်းပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြို့မဈေးထိပ် လမ်းမ တော်လမ်းမကြီး၌ ပြုလုပ်ခဲ့
ဓနုဖြူမြို့နယ်  သရောလှကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်ခဲ့သည့် ငနီတောင် ကျေးရွာ အုပ်စု၊ သရောလှကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ လမ်းဖွင့်ပွဲမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရ
သံတောင်ကြီးမြို့တည် နှစ်(၁၀ဝ)ပြည့်ပွဲတော် လာမည့် ဧပြီလတွင် ကျင်းပပြုလုပ်မည်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ နှစ်(၁၀ဝ)ပြည့်ပွဲတော်ကို လာမည့်ဧပြီလ ၂ ရက်နှင့် ၃ ရက်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ အီလက်ထရောနစ်အလှကုန် လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီးကျင်းပမည်

မိတ္ထီလာမြို့နယ်၌   ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပွဲနှင့်   စူဠဘွဲ့နှင့်သဘင် အခမ်းအနား ကျင်းပမည်
မိတ္ထီလာမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် စူဠဘွဲ့နှင့်သဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သီရိမင်္ဂလာရပ်ကွက်၊ ထီးသုံးဆင့် ဘုရားဝန်း၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ