ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပြည်ပနိုင်ငံ(၅)နိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျာမနီ၊ သြစတြေးလျ၊ ဘရာဇီးလ်၊ တောင်အာဖရိကနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ကူမင်းမြို့)များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးသံမှူး(၅)ဦးနှင့် ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။




