ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတက်ရောက်
၂၀၁၉ ခုနှစ်၊ အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘိလိယက်၊စနူကာ နှင့် (9 Ball) အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Yangon ၌ ကျင်းပသည်။





