ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားနှင့် ဆုပေးပွဲ ညောင်ရွှေ၌ကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။







