မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပထမအကြိမ် (၁၀)မြို့နယ် ထမနဲထိုးပြိုင်ပွဲ ကျင်းပ
မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ ပထမအကြိမ် (၁၀)မြို့နယ် ထမနဲထိုး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဝန်ထမ်း အချင်းချင်း ရင်းနှီးချစ်ခင်မှု ရှိစေရန်အတွက် ရည်ရွယ်၍ ထမနဲထိုးပြိုင်ပွဲ၌ မြို့နယ်(၁၀)ခုရှိ မြို့နယ် မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ ဝင်ရောက်ယှဉ် ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်အောင်နီက ရှင်းပြ




