ထီးချိုင့်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။






