ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်သည့် ဒေသတစ်ခုဖြစ်ပြီး မြေအောက်ရေအရင်းအမြစ် ရရှိမှုခက်ခဲ၍ ရေရှားပါးမှုများနှင့် ကြုံတွေ့လျက်ရှိသည့် ဒေသဖြစ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မော်ချီးဒေသ ရေရရှိရေးအတွက် ရန်ပုံငွေများအား လျာထားဆောင်ရွက်ခဲ့သည်။ ရေရရှိရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဒီဇိုင်းရေးဆွဲကာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ Royal Country Development Company Limited မှ ကွင်းဆင်းစိစစ် ဆောင်ရွက်ထားရှိမှုများနှင့် ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။