ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကျိုင်းတုံမြို့ ပါလျန်မြို့ရိုးတံခါး ဆိုင်းဘုတ် ပြုလုပ်ခြင်းအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ရှေးဟာင်းပါလျန်မြို့ရိုးတံခါး ဆိုင်းဘုတ်ပြုလုပ်ခြင်းအား ကြည့်ရှုစစ်ဆေးသည်။
ကလောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပုန်းအင်းကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပုန်းအင်းကျေးရွာ၊ ဝါးရုံပင်ကျေးရွာနှင့် ကျောက်ကုန်းကျေးရွာမှ ရွာသူ၊ ရွာသား ၈၀ ခန့် တက်ရောက်ခဲ့သည်။
မုံရွာမြို့တွင် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) လမ်းလျှောက်ပွဲသို့ ဒေသခံပြည်သူ တစ်သောင်းကျော် ပါဝင်ဆင်နွှဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက စုရပ်ဖြစ်သော မုံရွာ-မန္တလေးလမ်းပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှစတင်၍ ကျင်းပပြုလုပ်ရာ စုစုပေါင်းလူဦးရေ တစ်သောင်းကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။
တပ်ကုန်းမြို့တွင် လူထုလမ်းလျှောက်ပွဲ စတုတ္ထပတ် ပျော်ရွှင်စွာဆင်နွှဲ
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ စတုတ္ထပတ်ကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၅နာရီခွဲက မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်၊ စုရပ်နေရာမှ စတင်ထွက်ခွာပြီး၊ မြို့နယ်ပြည်သူ့အားကစားကွင်းထိ ပျော်ရွှင်စွာဆင်နွှဲကြသည်။