ဆိပ်ဖြူမြို့နယ်တွင် တရားဝင်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများ     ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
ဆိပ်ဖြူမြို့နယ်တွင် တရားဝင်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိ စည်ပင်သာယာ (ပတ္တမြားဈေး) ၌ ရောင်းချနေသည့် ဆေးနှင့် ဆေးဝါးပစ္စည်း ဆိုင်များအား ယနေ့ နံနက်ပိုင်းက ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများ ဖြစ်ကြသော ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့
မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မင်းလှမြို့နယ်၌ လွှဲပြောင်းပေးအပ်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မလွန်စမ်း၊ ကုန်းကြီး ကျေးရွာနှစ်ရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ
ပဲနွယ်ကုန်းမြို့တွင် စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်တော်သာဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းမူမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့လွှဲပြောင်းပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ အမှတ်(၁)နယ်မြေ၊ ဗန္ဓုလရပ်ကွက်ရှိ ဗိုလ်ချုပ် အောင်ဆန်း ပန်းခြံအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် အုပ်ချုပ်ရေးမှုးရုံး ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့
မန္တလေးရှေ့နေကြီးများအသင်း ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပ
မန္တလေးရှေ့နေကြီးများအသင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊  ၂၆×၂၇ လမ်းကြား၊ ၇၁လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်
ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
ကရင်ပြည်နယ်၏ ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒီဇင်ဘာ တတိယပတ်က ကျင်းပခဲ့