တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လက်သန့်ဆေး (Hand Gel) ပြုလုပ်နည်း သင်တန်းဖွင့်

တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ လက်သန့်ဆေး (Hand Gel) ပြုလုပ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့
ဖရဲသီးနှံ မြေဩဇာနှုန်းထား (၃) မျိုးဖြင့် ယှဉ်ပြိုင်စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းတွင် လက်တွေ့ ပြသဆောင်ရွက်
International Fertilizer Development (IFDC)၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် (မိဘမေတ္တာ) စိုက်ပျိုးရေး သွင်းအားစု အရောင်းဆိုင်တို့ ပူးပေါင်းအကောင်အထည်ဖော်သော ဖရဲသီးနှံ မြေဩဇာ အမျိုးအစား ယှဉ်ပြိုင် စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းတွင် လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက်   ၉ နာရီခွဲက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြပတိုင်ကျေးရွာအုပ်စု၊ လန်းခိုဘိုင်းကျေးရွာရှိ တောင်သူ ဦးထွန်း၏ ဖရဲစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့
မြိတ်တက္ကသိုလ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်း လမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြိတ်တက္ကသိုလ်တို့ပူးပေါင်း၍ ဒီဇင်ဘာ (၂၄) ရက် နံနက်  ၅ နာရီခွဲက တက္ကသိုလ်ပင်မ အဆောင်အရှေ့ စုရပ်မှစတင်ကာ ကျင်းပခဲ့
ဟင်္သာတမြို့၌ စည်းကမ်းနှင့်အညီ ဆိုင်ကယ်မောင်းနှင် လာသူများကို ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေး
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ အမျိုးသားယာဉ်အန္တရာယ် ကင်းရှင်းရေးကောင်စီ ဦးဆောင်မှု ဖြင့် ယာဉ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ပဒေသာဈေးမီးပွုင့်အနီးတွင် ပြုလုပ်ခဲ့
ယမားချောင်းကူး သံကူကွန်ကရစ်တံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၃၅ မိုင် ကွာဝေးသော ပုံတောင်ဒေသရှိ သစ်ကြီးတိုင်း-ကျော်တော - မယင်း - ခင်သာကျေးရွာချင်းဆက်လမ်းပိုင်းတွင် မန္တလေးမြို့နေ  ဦးကျော်ဝင်းနှင့်  ဒေါ်ခင်မေသန်း (ဝင်းယူနိုက်တက် ကျောက်မျက်ကုမ္ပဏီ) မိသားစု
မြိတ်မြို့ ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ မကွေးတိုင်း ပျားမွေးမြူရေးဌာနမှ မြန်မာ့ပျားရည် တင်ပို့နိုင်သောကြောင့် ပုဂ္ဂလိက ပျားမွေးမြူရေး ကဏ္ဍမြင့်လာ
၂၀၁၈-၂၀၁၉ခုနှစ်တွင် မြန်မာ့ပျားရည်  တန်ချိန် ၃၃၀ ကျော်ကို ၁ တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀ဝ) မှ (၃၀ဝ၀) နှုန်းဖြင့် အမေရိကန်နိုင်ငံအပါအဝင် ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ အာဆီယမ်နိုင်ငံများသို့ ဈေးကွက်ထိုးဖောက် တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားငွေရရှိခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ဦးစိုးနိုင်ထံမှ သိရ