စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး အရန်စေတီပေါင်း ၁၂၆ ဆူ ထီးတော်တင်လှူပွဲနှင့် ရှင်အပါး (၅၀ဝ၀) ရှင်ပြုပွဲ အလှူရှင်မိသားစုနှင့် ရဟန်းလောင်းများကို ဆံချခြင်းနှင့် သင်္ကန်းဝတ်ခြင်း အခမ်းအနား ဆက်လက်ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ အရန်စေတီတော်ပေါင်း (၁၂၆) ဆူ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံတည်ဆောက်ခြင်း အောင်ပွဲအထိမ်းအမှတ် ရဟန်း၊ ရှင်သာမဏေအပါး(၅၀ဝ၀) တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း ရဟန်းခံရှင်ပြုပွဲ အလှူရှင်မိသားစုနှင့် ရဟန်းလောင်းများကို ဆံချခြင်းနှင့် သင်္ကန်းဝတ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ယာယီမင်္ဂလာမဏ္ဍပ်တွင် ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။






