ဆင်ဖြူကျွန်းမြို့ဒေသ၌ ဆောင်းသီးနှံအဖြစ် အာလူးကို စီးပွားဖြစ်စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ဒေသတစ်ဝိုက် ဖြတ်သန်းစီးဆင်းလျက်ရှိသော စလင်းချောင်းရိုး တစ်လျှောက် နုန်းတင်မြေနု ကွင်းပြင်များနှင့် ဧရာဝတီမြစ်ကမ်းဘေး ကိုင်း၊ ကျွန်းမြေများတွင် ဒေသခံတောင်သူများမှ ဆောင်းသီးနှံအဖြစ် အာလူးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံအာလူးစိုက် တောင်သူများထံမှ သိရသည်။







