မူဆယ်မြို့တွင် ကလေးသူငယ် ယာယီထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာဆောင် ဆောက်လုပ်မည်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များ၊ စွန့်ပစ်ခံရသည့် ကလေးသူငယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကလေးသူငယ်များကို ယာယီ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းဦစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ကလေးသူငယ် ယာယီထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာဆောင်ကို ဆောက်လုပ် သွားမည်ဟု မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ဝင်း၏ ပြောကြားချက်အရ သိရ





