ရန်ကုန်မြို့၌ ‘‘ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ’’ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များမှ ကြီးမှူး၍ တတိယအကြိမ် ကျင်းပသည့် ''ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်'' ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။



