ချင်းတွင်းမြစ်ကြောင်း တစ်လျောက်တွင် ဒီဇင်ဘာလအတွင်း ရေပေါ်အမှတ်အသားနှင့်ကမ်းပေါ် အမှတ်အသား ခုရေ ၄၀ဝ တပ်ဆင်ပေးသွားမည်
ချင်းတွင်းဝမှ ချင်းတွင်းအထက်ပိုင်းဒေသ ဟုမ္မလင်းမြို့နယ်အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် တွင် ဒီဇင်ဘာလအတွင်း ကမ်းပေါ်ပြအမှတ်အသား ခုရေ (၁၅၀)နှင့် ရေပေါ်ပြအမှတ်အသား ခုရေ ၂၅၀ တို့အား တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်း ၏ ပြောကြားချက်အရ သိရ








