စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော လူသုံးကုန်နှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် တားမြစ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ရက်လွန်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် မြို့တွင်း ဆေးပစ္စည်းအရောင်းဆိုင်များတွင်လည်း တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။