သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာရှိ ဆင်းပဒေသာ-၁၁ မျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲမျိုး ယှဉ်ပြိုင် စိုက်ကွက် များအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
သံတွဲခရိုင်အတွင်းရှိ တောင်သူများသည် ဆောင်းသီးနှံများကို စိုက်ပျိုးလျှက်ရှိရာ ခရိုင်စိုက်ပျိုးရေး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ ခရိုင်ပိုးမွှားတာဝန်ခံ ဒေါ်တင်မြင့်ရီ၊ မျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းလွင် နှင့် ကွင်းဝန်ထမ်းများ ၊ ရခိုင်ဆောင်းသီးနှံ( RWCP) ဒုအဖွဲ့ခေါင်းဆောင် ဒေါ်ဝါဝါရှိန်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသူတို့ ပါဝင်သောအဖွဲ့သည် ယနေ့နံနက်က သံတွဲမြို့နယ် ပုဇွန်ဖြေ ကျေးရွာရှိ ဆင်းပဒေသာ-၁၁ မျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲမျိုးယှဉ်ပြိုင်စိုက်ကွက် များ စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပိုးမွှားအန္တရာယ် ကာကွယ်ရေးတို့အတွက် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ကာ ပညာပေးလုပ်ငန်းများကို လက်တွေ့ပြသခဲ့





