ဂန့်ဂေါ လူထုအခြေပြုဗဟိုဌာန  ခန်းမ၌ ဇိုတုန်ချင်းရိုးရာဝါးညှပ်ကပွဲ လေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဇိုတုန်ချင်းရိုးရာဝါးညှပ်ကပွဲ လေ့ကျင့်ပြုလုပ်ကြသည်။
မော်တော်ယာဉ်လိုင်စင်များ သက်တမ်းတိုးပေး
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ဆင်ပေါင်ဝဲမြို့၌ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းမှ စတင်၍ မော်တော်ယာဉ်လိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို ..................
ဝန်းသိုမြို့နယ်၌ လွှတ်တော်ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၆ ခု ဆောင်ရွက်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်းတစ်ထောင် ထောက်ပံ့ငွေဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၆ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း လူထုစုပေါင်းလမ်းလျှောက်ပွဲများ ဆင်နွှဲ
ဒီဇင်ဘာလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီတွင်၊ သံဖြူဇရပ် မြို့မဈေးအရှေ့မှစတင်ကာ မော်လမြိုင်ကားလမ်းမကြီးအတိုင်း၊ ...............
ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက် ကလေးစာပေပွဲတော် (ပဲခူး)ဖွင့်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၌ ကလေးစာပေပွဲတော်များ၏  ဒုတိယအကြိမ်မြောက် ကလေးစာပေပွဲတော်(ပဲခူး)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
လူထုအခြေပြုဗဟိုပြုဌာန၌ ပုံပြောပြိုင်ပွဲ ဆောင်ရွက်ပေး
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက မူလတန်းကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့်ရင်းနှီးပြီး ဉာဏဖွံ့ဖြိုးစေရန် ပုံပြောပြိုင်ပွဲ ဆောင်ရွက်ပေးသည်။
ကံမမြို့နယ်ရှိ တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများသို့သွားရောက်၍ တိုင်းရင်သားဘာသာစာပေများဖြင့် စာဖတ်ဝိုင်းပြုလုပ်
မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊  ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အရှိုချင်းတိုင်းရင်းသားများနေထိုင်သည့်  ရွာသစ်ကျေးရွာနှင့်ဘန့်ဘွေးကျင်းကျေးရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ယမန်နေ့ နေ့လယ်က သွားရောက်၍   စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။