ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း တောင်ငူခရိုင် ကျောက် ကြီးမြို့နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျောက်ကြီးမြို့နှင့် ပဲနွယ်ကုန်းမြို့ ကားလမ်းပေါ် မှ လမ်းဦးစီးဌာန၏ မြို့နယ်ချင်းဆက်တံတားများဖြစ်သည့် တံတားအမှတ် ၂/၅၇ နှင့် ၁/၁၄ ဒေသအခေါ် တူးမြောင်းတံတားနှင့် ခရုမြောင်တံတား နှစ်စင်းမှာသက်တမ်းကြာမြင့်ပြီဖြစ်ခြင်း၊ သဘာဝဘေး အန္တရာယ်များကြောင့် ပျက်စီးယိုယွင်းနေပြီဖြစ်ခြင်းတို့ကြောင့် ပြုပြင်ရန်လိုအပ်လျက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။