ကလေးစာပေပွဲတော်(လွိုင်လင်) ဒုတိယနေ့တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကား

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော လွိုင်လင်ခရိုင် ကလေးစာပေပွဲတော် ဒုတိယနေ့ နံနက်ပိုင်းမှစတင်၍ ဖျော်ဖြေရေးအစီအစဉ်များတွင် စည်ကားလျက်ရှိကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကြွက်ဘေးကျရောက်သော ကျေးရွာများအား ဆန်နှင့် အဝတ်အထည်များ လှူဒါန်း
ကရင်ပြည်နယ်၊ လိပ်သိုမြို့ ထီးသာစောအောက်ရွာ၊ ကက်သလစ်ဘုန်းတော်ကြီးကျောင်းဝင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကြွက်ဘေးဒဏ်ကျရောက်ခဲ့ပြီး ဒေသခံကျေးရွာသားများ၏ သီးနှံများ ပျက်စီးခဲ့ရမှုကြောင့်
ပဲတီစိမ်းစိုက်တောင်သူများ (GAP & GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရေး တောင်သူပညာပေးသင်တန်း သုံးခွမြို့၌ ပို့ချ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် (၂၀၁၉-၂၀၂၀)ရာသီ ပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP & GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ တောင်သူပညာပေးသင်တန်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ တောင်သူဦးကြီး (၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ပခုက္ကူမြို့၌ ကျင်းပ
အမျိုးသမီးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၅ နာရီတွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံ၌ ကျင်းပသည်။
ကိုယ်ကာယကြံ့ခိုင်သန်စွမ်းစေရေး ရည်ရွယ်ချက်ဖြင့် မိုးညှင်းမြို့တွင် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ (ပထမအပတ်) ကျင်းပ
မိုးညှင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းစေရေး ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာလ(ပထမပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီတွင် ကျင်းပသည်။
ပေါင်မြို့နယ်တွင် စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် စျေးသူ၊ စျေးသားများအား အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်္ဂလာစျေးအတွင်း၌ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့နှင့် ဖူကူအိုကာ ညီအစ်မမြို့တို့အကြား ရေနှင့်ဆက်စပ်သည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး