ဒလမြို့နယ်မှ အမှတ်တရဗိုလ်ချုပ်ပန်းခြံအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်
ရန်ကုန်တိုင်းဒေကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် ဗညားဒလရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ အမှတ်တရ ဗိုလ်ချုပ်ပန်းခြံအား အဆင့်မြှင့်တင်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က ဒလမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌရုံးခန်း၌ စျေးသည်များနှင့် တွေ့ဆုံစဉ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြကြည်မှ ပြောကြားခဲ့သည်။
ထီးလင်းမြို့နယ်၌ ဆောင်းရာသီကာလ ကြက်သွန်နီ စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ဆောင်းရာသီကာလ၌ ကြက်သွန်နီစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်မောင်နှမကမ်းခြေနှင့် ဆင်စခန်းတို့တွင် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ ကျောက်မောင်နှမကမ်းခြေနှင့် ဆင်စခန်းတို့တွင် ရုံးပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များတွင် အပန်းဖြေ ခရီးသွားပြည်သူများ စည်ကားလျက်ရှိရာ ဧည့်သည်များ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူထုပူးပေါင်းပါဝင်မှုရှိသော အမှိုက်စနစ်တကျ စွန့်ပစ်ရေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ
ထားဝယ်မြို့ နယ်စည်ပင်သာယာရေးကော်မတီနှင့် Clean Dawei အဖွဲ့တို့ ပူးပေါင်းကျင်းပသော လူထုပူးပေါင်းပါဝင်မှုရှိသော အမှိုက်စနစ်တကျ စွန့်ပစ်ရေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကျေးရွာ ၂၁ ရွာတွင် သောက်သုံးရေရရှိရေး လုပ်ငန်းများနှင့် ကုန်ထုတ်လမ်းနှစ်လမ်း ဆောင်ရွက်သွားမည်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌  သောက်သုံးရေများ ဖူလုံစွာရရှိစေရေး၊ ကျေးလက်နေ တောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍
လမ်းဆုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေ ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေး
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ လမ်းဆုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက လမ်းဆုံကျေးရွာခန်းမဆောင်၌ ကျင်းပသည်။