ကူးစက်ရောဂါကင်းရှင်းသော အသားများကို လုံခြုံစိတ်ချစွာစားသုံးနိုင်ရေး အသားဆိုင်များစစ်ဆေး
တိရစ္ဆာန်ကူးစက်ရောဂါကင်းရှင်းသော အသားများကို အများပြည်သူများ လုံခြုံစိတ်ချစွာ စားသုံးနိုင်ရန်နှင့် ဘေးဥပဒ်မဖြစ်စေရန်အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာစျေး၌ ရောင်းချနေသာ အသားဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။








