“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂/၂၀၁၉ ဖွင့်ပွဲအခမ်းအနား ကျင်းပ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏နည်းပညာအကူအညီဖြင့် ဖွင့်လှစ်လျက်ရှိသော “ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း ၂/၂၀၁၉” (Youth Integrity Camp 2/2019 )ကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ် သာရတနာမင်္ဂလာခန်းမ၌ ကျင်းပသည်။







