ရိုးရာရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြု 

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကနီမြို့နယ်တွင် ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲနှင့် ဥပဒေ အသိပညာပေး ဟောပြော
စစ်ကိုင်းတိုင်းဒေသကြီး  ယင်းမာပင်ခရိုင်  ကနီမြို့တွင်  ၂၀၁၉  ခုနှစ်အောက်တိုဘာ  ၃၁ ရက်နေ့က ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲကို  ကနီမြို့  အမှတ်(၂)  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့နယ်၊ သိမ်ကုန်းအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ဖြင့် ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်မည်
အဆိုပါစာတမ်းဖတ်ပွဲ ပထမနေ့တွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)၊ ဒေါက်တာအောင်ကြီး၊ ဒေါက်တာကျော်ဝင်းနှင့် ဒေါက်တာ ဇော်ထွန်းတို့က ဆောင်ရွက်သွား မည်ဖြစ်ပြီး စာတမ်းရှင်များအဖြစ် ဒေါက်တာအောင်ကြီးက “မဲဇာ တောင်ခြေရတု အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်များကို နှိုင်းယှဉ်လေ့လာ ခြင်း” စာတမ်းအား လည်းကောင်း၊ ဒေါက်တာဇော်ထွန်းက “ချိုမြမြ ပျားရည်စက်ကို The Sweet Honey Drop အဖြစ် ခံစားခြင်း” စာတမ်း အား လည်းကောင်း၊ ဒေါက်တာမြင့်ဇံ က “ဥပဒေဆိုင်ရာ အသုံးအနှုန်းအယူ အဆများကို မြန်မာမှ အင်္ဂလိပ် ဘာသာပြန်ဆိုမှု စိုးစဉ်းမျှတစေ့ တစောင်း” စာတမ်းအား လည်း ကောင်း၊ ဦးမောင်လှိုင်က “မြန်မာ ဘာသာမှ အင်္ဂလိပ်ဘာသာပြန်ရေး နှင့် မျိုးဆက်သစ်တို့၏ အခန်း ကဏ္ဍ” စာတမ်းအား လည်းကောင်း အသီးသီး ဖတ်ကြားသွားမည် ဖြစ်သည်။
စာပေပွဲတော် နွှဲစို့နော်
1
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေး
1
ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် အခမ်းအနားကျင်းပ