ဝန်ကြီးချုပ်ဦးဝင်းသိန်း ရေတာရှည်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျွန်းလှမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်အထည်ဖော်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်‌‌ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းဒုတိယနှစ်စက်ဝန်းတွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောက်တိုဘာလဆန်းပိုင်းကစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကံပေါက်ကျေးရွာ၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ဆေးရုံကြီး၌ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှစတင်၍ သုံးရက်တိုင်တိုင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။
တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးသုံးစွဲမှု အသိပညာပေးဟောပြောပွဲနှင့် ဆိုလာတပ်ဆင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (National Enectrificption Project- NEP) စီမံကိန်း ICB-3 ဖြင့် တစ်အိမ်သုံး ဆိုလာစနစ် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာများတွင် ဆိုလာမီးသုံးစွဲခြင်း အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ပေကုတင်ကျေးရွာ၌ ယမန်နေ့ နေ့လည်ကကွင်းဆင်း၍ ဟောပြော ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည်။
ပူတာအိုမြို့နယ်  လုံရှာယာန်ကျေးရွာအုပ်စု၌ လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန      ပူတာအိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)ရန်ပုံငွေဖြင့်    လုံရှာယာန်ကျေးရွာအုပ်စု ကျေးရွာငါး ရွာတွင်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရိုးရာရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြု 
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကနီမြို့နယ်တွင် ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲနှင့် ဥပဒေ အသိပညာပေး ဟောပြော
စစ်ကိုင်းတိုင်းဒေသကြီး  ယင်းမာပင်ခရိုင်  ကနီမြို့တွင်  ၂၀၁၉  ခုနှစ်အောက်တိုဘာ  ၃၁ ရက်နေ့က ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲကို  ကနီမြို့  အမှတ်(၂)  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။