ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
ရခိုင်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဂျပန်နိုင်ငံ၌ အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် JATA Tourism Expo 2019 ပြပွဲ၊ တတိယအကြိမ်မြောက် ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိ
နေပြည်တော်၌ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိကြသည်။
ပြည်သူ့စာကြည့်တိုက်ဥပဒေ ပြန်လည်သုံးသပ် ဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် (၂၀၁၇)ခုနှစ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမပြု သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ ဧည့်ရိပ်သာ၌ကျင်းပသည်။
မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် တတိယမြောက်နေ့ကျင်းပ
စာရေးဆရာမကြီး မိုးမိုး(အင်းလျား)၏ (၇၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် တတိယမြောက်နေ့(နောက်ဆုံးနေ့)ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပရာ စာပေချစ်မြတ်နိုးသူများနှင့် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။