ဆောမြို့နယ် ကျောက်မကျေးရွာနေ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးဝါးကုသပေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအနေဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟန်နီလှစိုးနှင့်အဖွဲ့သည် အခမဲ့ဆေးကုသပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျောက်မကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့







