ကျောင်းသားကျောင်းသူများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်ပြီး ပြည်သူ့အကျိုးပြု ဆောင်ရွက်နေမှုများအား သိရှိနိုင်ရေး အောက်တိုဘာ  ၅ ရက် နံနက် ၁၀ နာရီက မင်းဘူးမြို့၊ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မူကြိုကျောင်းသား ကျောင်းသူ ၄၂ ဦးအဖွဲ့က လာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံမှ သိရ
ဝန်ပတေ့-အိမ်မြင်စံ-ရွှေတောင်တော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု  ဝန်ပတေ့ - အိမ်မြင့်စံ -ရွှေတောင်တော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဝန်ပတေ့ကျေးရွာ ကွန်ကရစ်လမ်းသစ်မုဒ်ဦး၌ ကျင်းပခဲ့
ခင်ဦးမြို့နယ် စည်ပုတ္တရာကျေးရွာအုပ်စု ကျေးရွာနှစ်ရွာတွင် လျှပ်စစ်မီးရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာကျေးရွာအုပ်စု၊ သရက်ကန် ကျေးရွာနှင့် ပေကုန်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက သရက်ကန်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပြုလုပ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့ ကိုရီးယား သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Moon Hee-sang ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်သည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၁၀ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြ
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့
ကျွန်းစုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း (တနင်္သာရီတိုင်း-၇)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း (တနင်္သာရီတိုင်း-၈)၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ
ငါးသိုင်းချောင်းမြို့တွင် လူထုအခြေပြုဗဟိုဌာနဖွင့်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။