ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး ဗဟိုဌာန၌ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားပြီး အဘိုးတစ်ဦးမှ သက်ကြီးရွယ်အိုများကိုယ်စား ရင်တွင်းစကားပြောကြားခဲ့
လှိုင်သာယာတွင် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ကွင်းဆင်းထောက်ပံ့
အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ လျက်ရှိရာ အောက်တိုဘာ ၅ ရက်က လှိုင်သာယာမြို့နယ်အတွင်း ကွင်းဆင်း ထောက်ပံ့ ပေးခဲ့ကြ
မြိတ်မြို့တွင် ကမ္ဘာ့ဆရာများနေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန် ခန်းမ၌  ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့
မြိတ်မြို့တွင် ယာဉ်မတော်တဆမှု၌ ပိတ်မိနေသောလူနာ ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် အထပ်မြင့် လှေကားတင်ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေယာဉ်ကွင်းလမ်းတွင် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် မီးလောင်မှုများတွင် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက ယာဉ်မတော်တဆမှု၌ ပိတ်မိနေသောလူနာ ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် အထပ်မြင့် လှေကားတင်ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြ
မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ(၂၀)ရွာအား တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်ပေးသွားမည်
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းဘူးခရိုင်အတွင်း ကျေးရွာ(၂၀)ရွာတွင် ကျေးလက်ဒေသ မီးရရှိရေး တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရ
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်သား ၁၈၀ဝ၀ဝ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်သား ၁၈၀ဝ၀ဝ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရ
၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားသည့် အစီးရေ ၈၀ ခန့်ရှိ
၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားသည့် အစီးရေ ၈၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြေ