ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေးအမြန်လမ်း မိုင် ၁၆၅/၁ အနီးရှိ ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား Jack Up ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ အနီးရှိ ဆွာချောင်းတံတား၏ ရေလယ်တိုင်အမှတ်(၅)နှင့် အမှတ်(၇)တို့ နိမ့်ကျနေမှုတွင် Girder များကို Jack Up ဖြင့် ပြန်လည်မြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။