ဘားအံမြို့ ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၏ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်လောင်း လှူပွဲကျင်းပ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်လောင်းလှူ
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံး နေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရန်နှင့် ပစ္စည်းလေးပါးအဆင်ပြေ စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်နိုင်စေရန်အတွက် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ (၇၂)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်







