ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ တောင်ကြီးမြို့တွင် လေးရက်ကြာဒေသစာရီ ကြွချီအပူဇော်ခံမည်
နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျောက်တိုင်ကွင်းအားကစားရုံတွင် မေ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်ကြာ အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။