အခွန်အမှတ်တံဆိပ်မပါရှိသော သိမ်းဆည်းရရှိ စွန်မင်းရမ်အရက်ပုလင်းများအားဖျက်ဆီး
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ် အတွင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် ပြည်တွင်းထုတ် စွန်မင်းရမ် အရက်ပုလင်းများ ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနရုံး ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။








