ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ အထူးကုဆရာဝန်ကြီးများက အိမ်မဲမြို့တွင် အခမဲ့ကွင်းဆင်းကုသပေးမည်
ဆေးတက္ကသိုလ်(၂) ရန်ကုန်မှ အထူးကုဆရာဝန်ကြီးများက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။






