ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက် နှင့် သီးခြားသဘောတူညီချက်များ လက်မှတ်ရေးထိုး
ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းအဆင့် - ၅ ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် တို့အကြား ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက် နှင့် သီးခြားသဘောတူညီချက်များအား လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။







