ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် -----------------
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိ
ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Moon Hee-sang ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး  ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ယနေ့ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်  အမှာစကားပြောကြား
(၅၅)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
ပြင်သစ်ဘာသာစကား စမ်းသပ်သင်ကြားခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြင်သစ်ဘာသာစကား စမ်းသပ်သင်ကြားခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ဓာတ်ပြားနှင့် ဓာတ်ပြားစက်များလှူဒါန်း
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ အလှူရှင်များက ခေတ်ဟောင်း (အင်္ဂလိပ်/ မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုလ်းမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံသို့ တက်ရောက်သည်။
မဲခေါင်စာပေဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ
(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆုရွေးချယ်ရေးကော်မတီသည် ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ်စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုရှည်ဆုကို ဖိုးကျော့ရေးသားသည့် “မြေဆီမည်းမည်း သွေးရဲရဲ” (I Gave My Life For Thee) ကလည်းကောင်း၊ ဝတ္ထုတို ပေါင်းချုပ်ဆုကို ကိုရိုးကွန့်ရေးသားသည့် “ဖြောင့်ဖြောင့်စင်းစင်း ဝတ္ထုတိုများ” (Straight As Snake and Selected Short Stories)ကလည်းကောင်း ဆုများရရှိကြကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းက ထုတ်ပြန်ကြေညာထားသည်။