ပျဉ်းမနားမြို့နယ်၌ သတင်းပြန်ကြား ဆက်သွယ်ရေးဆိုင်ရာမှတ်တမ်းဓာတ်ပုံပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းကာ လူထုဗဟိုပြုစီမံကိန်း(စတုထ္တစက်ဝန်း)တွင် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ပြည်သူများ သိရှိနိုင်ရန်အတွက် သတင်းပြန်ကြား ဆက်သွယ်ရေးဆိုင်ရာမှတ်တမ်းဓာတ်ပုံများပြပွဲကို ယနေ့၊ နံနက်ပိုင်းတွင် ညောင်ပင်သာကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာအတွင်းရှိ အားကစားကွင်း၌ ကျင်းပ
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရွှေသံလွင် ဘိုးဘွား ရိပ်သာတွင် ၂၀၁၉ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျင်းပပြုလုပ်
ထန်ပါခွေမြို့၌ ကျောက်စီမြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေမြို့ အထက ကျောင်းရှေ့တွင် အလျားပေ(၁၆၀) ၊ အနံ(၂)ပေ၊ အမြင့်(၃)ပေဖြင့်  ကျောက်စီမြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်မှုကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်စည်ပင်သာယာရေး ရန်ပုံငွေ ၄၉ သိန်း  ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ထန်ပါခွေမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးပိုင်စိုးကြူးက ပြောသည်
အိမ်မဲမြို့တွင် ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရ
လင်းခေး၌    ကိုယ်ကာယလေ့ကျင့်ခန်း(အေရိုးဗစ်) ၉ယောက်တွဲလေ့ကျင့်ခန်းအသစ် ဆင့်ပွား သင်တန်း ဆင်းပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးမြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့် ပညာရေး ဉီးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သော ကိုယ်ကာယလေ့ကျင့်ခန်း အေရိုးဗစ်(Aerovic)၉ဉီးတွဲ လေ့ကျင့်စဉ်အသစ် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီက လင်းခေးမြို့ နွယ်ဝတီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပ

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်း ၆၅ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၆၅ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ရုံးမှ သိရ