ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ ပြုပြင်/ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ လျှပ်စစ်ဓါတ်အားများ ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးနိုင်တော့မည်
ကချင်ပြည်နယ် ချီဖွေလျပ်စစ်ဓါတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ကြောင့် 66KV မိုးညှင်းခွဲရုံ ၊ ဟိုပင်ခွဲရုံ ၊ မိုးကောင်းခွဲရုံ ၊ ဖားကန့်ခွဲရုံ၊ မြစ်ကြီးနားခွဲရုံ (၂) နှင့် (၃)မှလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု အဆင်မပြေဖြစ်ခဲ့ပြီး ယခုအခါ စက်ရုံပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့်လျှပ်စစ်ဓါတ်အားများ ပုံမှန် ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။






