မကွေးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးကကြီးမှုး၍  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှု အခြေခံသင်တန်းကို ယနေ့ နံနက်  ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိလူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရ
တောင်ကြီးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပ
၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
မြိတ်မြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား ကျင်းပ
၂၀၁၉ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်အမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ
၂၀၁၉ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပြည်တွင်း၊ ပြည်ပ ကျောက်မျက်ကုန်သည်များနှင့် စည်ကား 
နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည့် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ(၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရာ ပြည်တွင်း/ပြည်ပ ကျောက်မျက်ရတနာ ကုန်သည်များဖြင့် စည်ကားနေကြောင်း သိရသည်။
ဆောမြို့နယ်တွင် ကျေးလက်နေပြည်သူများကျန်းမာရေး တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသ
ဂန့်ဂေါခရိုင် ဆောမြို့နယ် တိုင်းရင်းဆေးကုဌာန ဆေးကုသရေးအဖွဲ့သည် ဆောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများကျန်းမာရေးအတွက် တိုင်းရင်းဆေးဖြင့် ကုသလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်က ပိန်းချောင်းကျေးရွာ၌ ကျန်းမာရေးကုသခြင်းလုပ်ငန်းများနှင့် ပညာပေး ဟောပြောပွဲကို အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ မြိတ်မြို့၌ ဆောင်ရွက်
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များစုပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အလက(ခွဲ)ရေပုန်း စာသင်ကျောင်းနှင့် တောင်သာယာဘိုးဘွားရိပ်သာတို့တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြ
မန္တလေးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ကျင်းပသည်။