စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကမ်းပြိုပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၅၅) လုံးအတွက် ကျေးရွာများအရောက်ထောက်ပံ့ငွေပေးအပ်
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေတက်မှုကြောင့် ကမ်းပြိုပြောင်း ရွှေ့ခဲ့ရသော အိမ်ခြေ (၅၅)လုံးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ထောက်ပံ့ခြင်းကို ယနေ့နံနက် ၉နာရီက ကသာမြို့နယ် ပုလွှေရွှေအုပ်စု ရေလယ်ကျွန်း ကျေးရွာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။





